ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များကို ဆက်လက်ထားရှိ

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များကို ဆက်လက်ထားရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
  • လက်ရှိသတ်မှတ်ချက်အရ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ နှင့် စက်ရုံ၊ အလုပ်ရုံများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ငွေသားထုတ်ယူခွင့်ပြုထားပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အဓိကသုံးစွဲရန် ဗဟိုဘဏ်က တွန်းအားပေးနေသည်။
ATM-Myanmar
ATM Corner in Myanmar (Photo Source - BBC)

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်က ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှု ကန့်သတ်ချက်များကို ဆက်လက်ထားရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

လက်ရှိ ငွေသားထုတ်ယူမှု သတ်မှတ်ချက်များ

လက်ရှိသတ်မှတ်ချက်များအရ -
• လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိသာ ငွေသားထုတ်ယူခွင့်ပြုထားသည်။
• စက်ရုံ၊ အလုပ်ရုံများအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ထုတ်ပေးလျက်ရှိသည်။

"ပုဂ္ဂလိကဘဏ်များတွင် ဘဏ်အလိုက် ငွေထုတ်ယူနိုင်မှု ပမာဏမှာ ကျပ်သိန်း ၂၀၊ ၃၀ မှ ကျပ်သိန်း ၅၀ နှင့် ၁၀၀ ဝန်းကျင်အထိ ကွာဟမှုများရှိနေပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုသာ အဓိကသုံးစွဲရန် ဗဟိုဘဏ်က တွန်းအားပေးနေသည်။"

Translate

DW | Deutsche Welle News

Total Pageviews